Oct 14 ရက်နေ့မှာ Applications ပိတ်ပါမယ်ဗျ။
Position: Junior UX/UI Designer
Work Type: Full-time, Remote
Contract: ၆ လ
Salary: လစဉ် ၅သိန်း - ၆သိန်း
ကျွန်တော်တို့က Software House လုံးဝမဟုတ်ပါဘူး။ ကိုယ်ပိုင် Mobile Apps တွေကိုပဲ တည်ဆောက်ပြီး Local နဲ့ International Market တွေကို Launch လုပ်နေတဲ့ Startup Team တစ်ခုပါ။
လက်ရှိ Team က လူ ၅ ယောက်တောင် မပြည့်သေးပါဘူး။ Team မှာလည်း Gen Z နဲ့ Gen Alpha တွေပဲရှိတာမို့ လူငယ်တွေထဲက ကိုယ်တိုင်တစ်ခုခုတည်ဆောက်ချင်ပြီး အတူတူ Grow ချင်တဲ့သူ ကို ရှာနေတာပါ။
စစချင်းကတည်းက အတူတူကြိုးစားပြီး ရေရှည်အတွက် အတူတူ Grow ချင်ပါတယ်။
Founder ကိုယ်တိုင် ဒီစာကို သေချာရေးပြီး တကယ်စိတ်အားထက်သန်တဲ့ လူငယ်တစ်ယောက်ကို အချိန်ပေးပြီး သေချာရှာနေတာပါ။
ကျွန်တော်တို့ရဲ့ Mobile App တစ်ခုက 2026 အစောပိုင်းမှာ Launch လုပ်ပြီး ၇ လအတွင်း 150K+ Users ရရှိထားပါတယ်။
ကိုယ်ကလည်း ခုမှစပြီး ကိုယ့်ဆွဲထားတဲ့ Product ကို Baby လေးတစ်ယောက်လို အစကနေ တဖြည်းဖြည်း Grow လာတာကို ကိုယ်တိုင်မြင်ချင်တယ်ဆိုရင် လျှောက်ပေးပါဗျ။
လခအနေနဲ့ ၅သိန်းကနေ ၆သိန်းကြားကနေ စပေးပါမယ်။ Startup ဆိုလို့ နေလှမ်းပြီး လခပေးဖို့ကို အချိန်ဆွဲနေမှာ မဟုတ်ဘူး။ Hiring မှာ သဘောတူထားတဲ့လခအတိုင်း အချိန်အတိအကျ payroll ပေးမှာဖြစ်ပါတယ်။
ကိုယ့်တာဝန်ယူထားတဲ့ Product အပေါ် တကယ်စိတ်အားထက်သန်ပြီး သေချာစိတ်နှစ်ထားတယ်၊ Product တိုးတက်လာအောင် Team နဲ့အတူတူ ကြိုးစားနိုင်တယ်ဆိုရင် လခတိုးပေးတာအပြင် Product ကနေ ရလာတဲ့ Rewards တွေကိုလည်း Bonus အနေနဲ့ ခွဲပေးသွားမှာပါ။
🎨 အလုပ်တာဝန်များ
အဓိကအားဖြင့် Product အသစ်တွေကို အစကနေ Design လုပ်ပြီး Launch လုပ်တဲ့အလုပ် ဖြစ်ပါတယ်။
ကျွန်တော်တို့က Product အသစ်တွေကို အမြဲစမ်းသပ်ပြီး Launch လုပ်နေတဲ့ Startup ဖြစ်တာကြောင့် ရှိပြီးသား Product တစ်ခုကို ထိုင်ပြီး Maintenance လုပ်ရတာမျိုးမဟုတ်ပါဘူး။ Idea မရှိသေးတဲ့အချိန်ကနေ Product တစ်ခုဖြစ်လာတဲ့အထိ Design ပိုင်းမှာ ပါဝင်ရမှာပါ။